Monday, June 14, 2010
အကောင်းဆုံးနည်းပညာအကျိုးပြုဘလော့များ
This summary is not available. Please
click here to view the post.
Tuesday, June 1, 2010
နှင်းပွင့်ထဲက နွေဦးညို.....

အစိမ်းလိုက်ခွဲခဲ့တဲ့ ရင်အုံ
ကြွေကျလာတဲ ၀တ်မှုံ တစ်စ တစ်စ
လေနှင်ရာသို့ .........။
.
အပြာရောင်ခြယ်မလို့ လုပ်လိုက်တိုင်း...
တောင်ပတ်လမ်းကို မြူခိုးတွေက ငုံ့ နမ်းနေခဲ့...
တိမ်အုပ်ဖွဲ့ နေရာယူပုံကို အရုပ်တစ်ခုလိုအမြင်မှားခဲ့သူ...
အာရုံလွဲမှားမှု့ နောက်ကွယ်မှာ အရူးတစ်ယောက်......
.
နောက်ဆုံးတော့.......
ခွာသံ တဖြောင်းဖြောင်းနဲ့ ....
ကျွန်တော်တစ်ယောက်ထဲ..........
ခေါင်းချိုးကျန်ရစ်ခဲ့ရပေါ့...................
တိတ်တခိုးလေး

နေကွယ်လို့
ကွက်မျက်ခံရတဲ့ တစ်နေ့
မာယာကိုအကြင်နာနဲ့ဖုံး
နင်.......ပြုံးခဲ့တယ်။
မထားခဲ့ဖို့ တောင်းပန်တဲ့စကား
ပျားရည်စက်ထက် ပိုချိုမြစေခဲ့ပြီးလား
ဘယ်ဘက်ရင်အုံက နင့်နှလုံးခုန်သံ
ကာရံနှင့် စည်းချက်ညီမျှပါစေ။
ဒဏ်ရာပေါ် ဒဏ်ရာဆင့်
ဆိုညီးတဲ့တေးသံ....ကဗျာမဆန်ပေမယ့်
ငါ့အတွက် ကာရံမဲ့စေခဲ့ပြန်ပြီး
ချစ်သူ...
အနားမှာလဲမနေပါနဲ့
အဝေးကိုလဲ မထွက်သွားနဲ့
တိုးတိတ်စွာမှေးစက် ဒီနံရံပေါက်က
တိတ်တခိုးလေးပဲ
ငါ...မင်းကို
ကြည့်နေခွင့်ပေးပါ။
Subscribe to:
Posts (Atom)