Tuesday, June 1, 2010

တိတ်တခိုးလေး



နေကွယ်လို့
ကွက်မျက်ခံရတဲ့ တစ်နေ့
မာယာကိုအကြင်နာနဲ့ဖုံး
နင်.......ပြုံးခဲ့တယ်။
မထားခဲ့ဖို့ တောင်းပန်တဲ့စကား
ပျားရည်စက်ထက် ပိုချိုမြစေခဲ့ပြီးလား
ဘယ်ဘက်ရင်အုံက နင့်နှလုံးခုန်သံ
ကာရံနှင့် စည်းချက်ညီမျှပါစေ။
ဒဏ်ရာပေါ် ဒဏ်ရာဆင့်
ဆိုညီးတဲ့တေးသံ....ကဗျာမဆန်ပေမယ့်
ငါ့အတွက် ကာရံမဲ့စေခဲ့ပြန်ပြီး
ချစ်သူ...
အနားမှာလဲမနေပါနဲ့
အဝေးကိုလဲ မထွက်သွားနဲ့
တိုးတိတ်စွာမှေးစက် ဒီနံရံပေါက်က
တိတ်တခိုးလေးပဲ
ငါ...မင်းကို
ကြည့်နေခွင့်ပေးပါ။

No comments:

Post a Comment