ဘလော့ဂ်ရေးသူ
အမည်- နိုင်းနိုင်းစနေ
လူမျိုး - လားဟူ
ဘာသာ - ဗုဒ္ဓဘာသာ
ဇာတိ - တောင်ကြီးမြို့
ဆက်သွယ်ရန်-
nineninesanay@gmail.com
လူမျိုး - လားဟူ
ဘာသာ - ဗုဒ္ဓဘာသာ
ဇာတိ - တောင်ကြီးမြို့
ဆက်သွယ်ရန်-
nineninesanay@gmail.com
ဒီဘလော့ဂ်ကိုရှာပါ
တောင်ကြီးမီးပုံးပျံ.com
တောင်ကြီး မိသားစု
ရှမ်းသမိုင်း
ခွန်ပအိုဝ်း
ဒီဘလော့ဂ်က ပို့စ်တွေကို အလွယ်တကူ ဖတ်ရအောင်
ကြိုက်ရာ ဖတ်ပါ
- ဘာသာပြန် အပိုင်းအစများ (353)
- စနေအကြိုက်+ပေါက်ကရ (255)
- ဓာတ်ပုံ (104)
- အချစ် (97)
- အမေ (95)
- ကြော်ငြာ (88)
- ကဗျာ (78)
- နိုင်းနိုင်းစနေ (66)
- ဟာသ (65)
- စားမယ် ၀ါးမယ် (64)
- ယောက်ျားနှင့် မိန်းမ (59)
- ဘ၀ အပိုင်းအစများ (49)
- ၀တ္ထု (49)
- ကျွန်မဖတ်ဖို့ (47)
- ခရီးသွား (47)
- ဘ၀ အပိုင်းအစလေးများ (46)
- ပွဲတော် (45)
- ကျွန်မကြိုက်တဲ့ ကဗျာများ (33)
- သူငယ်ချင်း (26)
- ကာတွန်း (24)
- ရုပ်ရှင်+သီချင်း (23)
- မင်းခိုက်စိုးစန် (22)
- ကျွန်တော်တို့ ကလေးဆိုးမဟုတ်ကြဘူး (21)
- ဥာဏ်စမ်း (19)
- သူငယ်ချင်းများ၏စာ (17)
- Jummy ၏ သရုပ်ဖော်ပုံများ (14)
- အလှူဒါန (13)
- တောင်ကြီး တန်ဆောင်တိုင် (13)
- လီဂျာထုံ၏ သာသာပြန်များ (12)
- မေးကွယ်ဖြေမယ် (12)
- ကျွန်မလားဟူ (11)
- ထွက်ရှိပြီးစာအုပ်များ (7)
- Andersen ၏ ပုံပြင်တိုများ (4)
ဖတ်စရာလေးတွေ
-
- Renovation almost complete1 hour ago
- ဒုတိယအကြိမ်မြောက် နတ်သမီးဗိုင်းရပ်2 hours ago
- Breaking Virus Alert !!2 hours ago
-
- လတ်တလော ကဗျာ....11 hours ago
- ပုဇွန်ထောပတ် ထမင်းကြော်11 hours ago
- တစ်နေ့တာ (Tag)14 hours ago
- ဂဏန်းဟင်း၊ ပုဇွန်ဟင်း18 hours ago
-
-
- ကောင်းကင်ရဲ့မိုး1 day ago
- တစ်ချို့ပုံပြင်တွေဟာ ရယ်ရွှင်ဖွယ်2 days ago
- ကျနော့်နေရာ2 days ago
- လိပ်ပြာ ၂4 days ago
- Coconut Tree4 days ago
- happy new year 20125 days ago
-
- တစ်နေ့တာ1 week ago
- တနေ့တာ တဂ်စာ1 week ago
-
- Happy 2012, Everyone!!!1 week ago
- သက်ငြိမ်၌စီးမျောခြင်း (၁)1 month ago
- တမ်းမက်ခြင်းကောင်းကင်1 month ago
- စရိုက်2 months ago
- တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ2 months ago
- မြတ်ဘုရားရွှေတိဂုံ (၁)5 months ago
-
-
သူတို့ခံစားမိသမျှ
ရုပ်ရှင်
Followers

Friday, January 13, 2012
ထက်မြက်သူနဲ့ ညံ့ဖျင်းသူ
ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။
ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။
ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။
ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။
ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။
ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။
ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။
ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။
ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။
ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။
ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။
ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။
ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင်ဖြစ်ရတယ်။
ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။
ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။
(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူမှန်းသိတော့တယ်)
မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110409/178423.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Labels: ကျွန်မဖတ်ဖို့
Reactions: |